သူတော်စင် ဒင်(မ်)ဖနာ။ St. Dymphna

‪သူတော်စင် ဒင်(မ်)ဖနာ။ St. Dymphna




ဒင်(မ်)ဖနာအား မွေးဖွားသည်ခုနှစ်အတိအကျမသိရသော်လည်း (၇)ရာစုနှစ်တွင် အိုင်ယာလန်ပြည် (Ireland) ၌ သူမကိုမွေးဖွားခဲ့ကြောင်းသိရသည်။ သူမ၏ဖခင် ဒါမွန်(Domon)သည် လူမျိုးစု အကြီးအကဲတစ်ဦးဖြစ်ပြီး ချမ်းသာကြွယ်ဝ၍အာဏာရှိသူဘုရားမဲ့ အယူဝါဒသမားတစ်ဦးဖြစ်သည်။ သို့ရာတွင် သူမ၏မိခင်သည်အလွန်လှပသော အမျိုးသမီးတစ်ဦးဖြစ်ပြီး ခရစ်ယာန်ဘာသာ၌လည်း ယုံကြည်ကိုင်းရှိုင်းသူဖြစ်သည်။ ဒင်(မ်)ဖနာသည် သူမ၏မိခင်ကွယ်လွန်ချိန်တွင် (၁၄)နှစ်အရွယ်သာရှိခဲ့သည်။
သူမ၏မိခင် ကွယ်လွန်ခြင်းကြောင့် ဖခင်ဖြစ်သူသည် အလွန်ပူဆွေး ဝမ်းနည်းခြင်းဖြစ်ခဲ့ရသည်။ အနယ်နယ်အရပ်ရပ်သို့ ငယ်သားများကိုစေလွှတ်၍ ကွယ်လွန်သူ ဇနီး၏ နေရာတွင်
အစားထိုးရန်သူမကဲ့သို့လှပပြီးမြင့်မြတ်သည့်အမျိုးအနွယ်ထဲမှ အမျိုးသမီးတစ်ဦးကို ရှာစေခဲ့သည်။ မည်သူ့ကိုမျှမတွေ့သောအခါ သူ၏အကြံပေးပုဂ္ဂိုလ်များက သမီးဖြစ်သူ ဒင်(မ်)ဖနာအားပြန်လက်ထပ်ရန် အလွန်စက်ဆုပ်ဖွယ်ရာအကြံပြုကြလေသည်။  ဒင်(မ်)ဖနာသည် ပတ်စက်သောအကြံအစီကိုသိသောအခါ ဘုန်းတော်ကြီးသူတော်စင် ဂျေရေဘရန်(Gerebran)နှင့် အခြားမိတ်ဆွေနှစ်ဦးတို့၏ အကူအညီဖြင့် ဖခင်၏ရဲတိုက်မှထွက်ပြေးခဲ့လေသည်။

ဖခင်ဖြစ်သူ ဒါမွန်သည် သဲသဲမဲမဲလိုက်လံရှာဖွေရာ၊ ဘယ်လ်ဂျီယံနိုင်ငံ (Belgium) တွင်တွေ့လေသည်။ ကူညီခဲ့သောဘုန်းတော်ကြီးဂျေရေဘရန် အား ခေါင်းဖြတ်စေရန်အမိန့်ပေးလေသည်။ ထို့နောက်သူ၏သမီးအား အိုင်ယာလန်နိုင်ငံသို့ပြန်လိုက်စေပြီး သူနှင့်လက်ထပ်ရန် စေရန်ကြိုးစားခဲ့သည်။ သူမကလက်မခံငြင်းဆန်သောအခါ ဒါမွန်သည် သူ၏ါးကို ထုတ်၍ သမီးအား ခေါင်းဖြတ်သတ်လိုက်လေသည်။ ထိုအချိန်တွင် ဒင်(မ်)ဖနာ၏သက်မှာ(၁၅)နှစ်သာရှိသေးသည်။ သူတော်စင် ဒင်(မ်)ဖနာသည်စိတ်ဝေဒနာခံစားသူတို့အား စောင့်ရှောက်မှိုင်းမသူအဖြစ်သတ် မှတ်ခြင်းခံရလေသည်။ အဘယ်ကြောင့်ဆိုသော် ဒါမွန်သည် သူ့သမီးကို သူသတ်ချိန်တွင် သူ့စိတ်သူမထိန်းနိုင်ဘဲ စိတ်ဖေါက်ပြန်နေသူ တစ်ဦးဖြစ်သောကြောင့်ဖြစ်သည်။

Post a Comment

0 Comments